ခရီစဉ် အဌမ နေ့~ သြဂုတ်လ (၁၁) ရက် ၂၀၁၀ ခုနှစ် @ ကိုဘေး
ခရီးစဉ်ရဲ့ ၈ ရက်မြောက်နေ့မှာတော ကျိုတိုကို ပြန်တက်လာခဲ့ပါတယ် ။ မနက်ပိုင်း သူငယ်ချင်းမိတ်ဆွေ အိမ်မှာ ရေမိုးချိုး နားပြီနောက် ကိုဘေး ကို ချီတက်ခဲ့ပါတယ် ။ ကိုဘေးမှာတော့ Kobe Port ၊ Sannomiya Shopping Center နှင့် China Town လောက်ပဲရောက်ခဲ့တယ် ။ Kobe Port ရဲ့ ညရှု့ခင်းကတော့ တော်တော်လေး လှတယ်။
ကိုဘေးကနေ ခရီးစဉ်ရဲ့ နောက်ဆုံး နေရာဖြစ်တဲ့ Tokyo Region ကို ချီတက်ရန် ည ၁၁ နာရီကားစီးရမှာဖြစ်လို့ ကျိုတို ဘူတာရုံသို့ အချိန်မှီပြန်လာခဲ့ပါသည် ။ အဲဒီနောက် ကားစီးပြီး မနက်လင်းသော် ယိုကိုဟားမားသို့ ရောက်ပြီး ၂ ရက်ခန့်နေပြီး ကျွန်တော်ရဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါသည် ။ ယိုကိုဟားမား ၊ တိုကျိုတွင် ဓါတ်ပုံ မရိုက်ဖြစ်ခဲ့ပါ ။
ကျွန်တော်သည် Urasa မှ ၃ ရက်နေ့ ညပိုင်းတွင် ခရီစဉ်စတင်ခဲ့ပြီး Urasa သို့ ၁၃ ရက်နေ့ ညပိုင်းတွင်ပြန်လည်ရောက်ရှိသည်။ ၁၀ ရက်တိတိကြာသော ခရီစဉ်ဖြစ်ပါသည် ။
ဤတွင် ခရီစဉ်အကြောင်းဖော်ပြခြင်းပြီ၏ ။