Saturday, August 21, 2010

Traveling around Japan @ ဂျပန်ပြည်အတွင်း ခရီးသွားခြင်း ..

ကျွန်တော်သည် ဂျပန်နိုင်ငံ Niigata Prefecture ၊Minami Uonuma-shi က Urasa ဆိုတဲ့ ဒေသလေးမှာ ရှိတဲ့ IUJ (International University of Japan) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ၂ နှစ်တာ နေထိုင်ပြီး စီမံအုပ်ချူပ်မှုပညာမဟာဘွဲ့ အတွက် ပညာသင်ယူနေသူ မြန်မာနိုင်ငံဖွား ဗမာလူမျိုး စစ်စစ်တစ်ယောက်ပါ ။ကျောင်းတော်ကြီးတည်ရှိရာ Urasa ဒေသလေးသည် တောတောင်တွေ ပတ်ပတ်လည်ဝိုင်းရံထားပြီး စပါးခင်းတွေး ၊ သီနှံစိုက်ခင်းတွေ နဲ့ အမြဲစိမ်းလန်းသာယာတဲ့ ဒေသလေးတစ်ခုပါ ။ နဲနဲတော့ တောကျတယ်လို့ပြောနိုင်ပါတယ် ။ ဒါကြောင့် တစ်ချို့က အပြောင်အပြက် ပြောကြပါတယ် International University of Jungle ဒါမှမဟုတ် I & U in Jail တဲ့ ။ တကယ်လည်း ကျေးလက်ဒေသလေးတစ်ခုပါ ။ ဒါပေမဲ့ နိုင်ငံပေါင်း ၃၀ ကြော်က နိုင်ငံတကားကျောင်းသားတွေ ပညာသင်ယူနေတဲ့ အဆင့်မှီ တကယ့်ကျောင်းတော်ကြီးပါ ။

ကျွန်တော် ဒီရောက်တာ အခုဆိုရင် တစ်နှစ်တာ မကတော့ပါဘူး ။ အခုလည်း နွေရာသီ ကျောင်းပိတ်တုန်း မိမိ တက်နိုင်သမျှလောက် ဂျပန်ရောက်တုန်း ခရီးထွက်သင့်တယ် ၊ ဘာမှမလုပ်ဘဲ ဒိကျောင်းပိတ်ရက် ၃ လ မှာ ကျောင်းထဲမှာတင် နေလို့တော့ မဖြင့်သင့်ဟုတွေးမိကာ ဂျပန်ပြည်တွင်း ခရီးထွက်ဖြစ်ခဲ့တယ် ။ ၂၀၁၀ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ည မှာ ကျွန်တော်နေတဲ့ ကျောင်းက စထွက်ပြီ ၂၀၁၀ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ ညပိုင်းမှာ ပြန်ရောက်ခဲ့ပါတယ်။ ၁၀ ရက်တိတိကြာခဲ့တဲ့ခရီးပါ ။


ကျွန်တော့ရဲ့ ခရီးစဉ်ကို နေ့ အလိုက် အောက်တွင်ပြထားသော Links များတွင် ၀င်ကြည့်နိုင်ပါသည် ။


အလေးအနက်ပြောလိုသည်မှာ ...


ကျွန်တော်၏ ဂျပန်ပြည်တွင်း ခရီးစဉ်တွင် ခရီးစဉ်တစ်လျှောက် အစစအရာရာ ကူညီပေးသော ခရီးသွားဖော် သူငယ်ချင်းများ ၊ ရောက်လေရာ နေရာဒေသ အသီးသီးမှ ကြိုဆို ပြီး အရသာရှိလှသော ဟင်းလျှာများဖြင့် ချက်ပြုတ်ကျွေးမွေး ဧည့်ခံသော သူငယ်ချင်းများ ၊ ကျွန်တော် သွားလိုသော နေရာ အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးသော သူငယ်ချင်းများ အားလုံးကိုအထူး ကျေးဇူးတင်ပါကြောင်း ဤနေရာမှ ပြောဆိုလိုပါတယ် ။

ကျေးဇူးတင်စွာဖြင့်Urasa Lion (21th August 2010 , 1:19 a.m)

Traveling around Japan , Day (1) @ Kyoto
Traveling around Japan, Day (2) @ Osaka
Traveling around Japan, Day (3) @ Nara
Traveling around Japan, Day (4 , 5) @ Hiroshima
Traveling around Japan, Day (6 , 7) @ Fukuoka
Traveling around Japan, Day (8) @ Kobe

ပန်ကြားချက် ။
ကျွန်တော်သည် စာရေးကောင်းသူ တစ်ယောက်မဟုတ်သလို Blogger တစ်ယောက်လည်းမဟုတ်ပါ။ မြန်မာစာ စာလုံးပေါင်းသတ်ပုံလည်းမကျွမ်းကျင်ပါ ။ ကျွန်တော်နှင့် ကျွန်တော်ရဲ့ ရင်းနှီးသော သူငယ်ချင်းများ ၊ ကျွန်တော့် မိသားစုဝင် များ နှင့် ကျွန်တော်ချစ်ရသောသူ ဖတ်ရန်အတွက် မလုပ်တက် လုပ်တက်ကြိုးစားထားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် စားလုံးပေါင်းသတ်ပုံးအားဖြင့်သော်လည်းကောင်း ၊ ၀ါကျအားဖြင့်သော်လည်းကောင်း အမှားများစွာရှိခဲ့လျှင်လည်း သည်းခံ ပေးနိုင်လိမ့်မည်ဟုတ်ထင်ပါသည် ။