ဂျပန်ပြည်တွင်း ခရီးသွားခြင်း
ခရီးစဉ် ဆဌမ ၊ သတ္တမနေ့ ~ သြဂုတ်လ (၉ ၊၁၀) ရက် ၂၀၁၀ ခုနှစ် @ ဖူကိုအိုကာ
Day (6 & 7) : Fukuoka
ခရီးစဉ်ရဲ့ ၆ ၊ ၇ ရက်မြောက်နေ့တွေရောက် လူလည် နဲနဲတောပြိုင်းနေပါပြီ ။ ဖူကိုအိုကာ ရောက်တော့ အရင်ဆုံးသွားခဲ့တာက MoJIKO Retro Town (မိုဂျီကို) မြို့လေးပါ ။ ဆိပ်ကမ်းမြို့လေးပါ ။ ၁၈ ရာစုနှောင်းပိုင်းလောက်ကစတင်ပြီး နိုင်ငံတကာ ကုန်စည် စီးဆင်းမှု အတွက် စတင်တည်ဆောက်ခဲ့တယ် ဆိပ်ကမ်းလို့သိရပါတယ် ။ သမိုင်းများအရ နိုင်ငံခြား သင်္ဘော အစီး ၂၀၀ လောက်ထိတောင် ကမ်းကပ်နိုင်တယ်လို့ပြောကြပါတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်း အဆောင်အဦးများကို တွေ့ခဲ့ရတယ် ။ ဂျပန်ရောက်ပြီး ဂျပန်မြို့တစ်မြို့နဲ့မတူတာ ဒီ မိုဂျီကို မြို့လေးပါဘဲ ။ အဆေက်အဦးတော်တော်များများ ဟာ Western ဆန်ပါတယ် ။ နှစ်ပေါင်း ၁၀၀ ကျော် ပေမယ် ယနေ့ အချိန်ထိ စနစ်တကျ ထိန်းသိမ်းထားတဲ့အတွက် မိုဂျီကို မြို့လေးဟာ Fukuoka လာတဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ် ရှိနေဆဲပါ ။ ရထားစီးပြီး အဲဒီကို သွားတော့ လမ်းတစ်လျှောက် တွေ့သမျှ ရထားဘူတာတွေဟာ ခေတ်မှိ ဘူတာတွေပါ ။ ဂိတ်ဆုံးလို့ Mojiko လည်းရောက်တော့ တွေ့လိုက်ရတဲ့ Mojiko Station က တကယ့် Antique ....
Mojiko Station (Built in 1914)
Old Moji Mitsui Club : Back view (Built in 1914)
(A place for the important guests. Einstein & his wife stayed here during their visit in 1922)
Kitakhushu Commemorative Library of International Friendship
နောက်ထပ် ၀မ်းသာစရာတစ်ခုက Mojiko မှာ မြန်မာပြည်က ကမ္ဘာအေး စေတီတော်အတိုင်း တည်ထားတဲ့ စေတီတော်ကြီး တည်ရှိနေခြင်းပါဘဲ ။ မြန်မာ ဘုန်းကြီးကျောင်းလည်းရှိပြီး ဘုန်းကြီး ၃ ပါး သီတင်းသုံး ပါတယ်။ တောင်ပေါ်လေးမှာ တည်ရှိပြီး တော်တော်လေး စိတ်ညိမ်အေးချမ်းသာယာလှပါပေတယ် ။
ဘုန်ကြီးကျောင်းက ပြီးတော့ Kanmon Pedestrian Tunnel ကို ဖြစ်လျှောက်ခဲ့တယ် ။ ကမ္ဘာမှာ တစ်ခုတည်းသော လူဖြတ်လျှောက်လို့ရသော ရေအောက် Tunnel လို့ပြောကြပါတယ်။ ၇၈၀ မီတာ ရှည်ပြီး တစ်ဘက်ကမ်းက ကျွန်းကို ရောက်ဖို့ ၂၀ မိနစ်လောက် လျှောက်ခဲ့ရတယ်။
ဖူကိုအိုကာရဲ့ ဒုတိယနေ့ ခရီးစဉ်မှာတော့ ဗုဒ္ဓလျှောင်းတော်မူဘုရာကြီး ရှိရာ xxxxx ကိုသွားခဲ့တယ် ။
အဲဒီနောက် Fukuoka Tower ဘက်ကို ချီတက်ခဲ့တယ် ။ ၂၃၄ မီတာ အမြင့်ရှိပြီး ဂျပန်မှာ အမြင့်ဆုံး ပင်လည်ကမ်းချေ တာဝါ လို့ပြောကြပါတယ် ။ ၀င်ကြေး ၈၀၀ ယမ်း တောင် ပေးရတယ်။ တာဝါပေါက မြင်တွေ့ရတဲ့ ကမ်းချေနဲ့ မြို့ပြ မြင်ကွင်းဟာလည်း လှပပါတယ်။
ဖူကိုအိုကာ က လူငယ်စုံတွဲလေးတွေရဲ့ culture လေးတစ်ခုတွေ့ခဲ့ရတယ် ။ တာဝါပေါ်မှာ ချစ်သူများ View ကြည့်ရန် corner လေးတစ်ခုရှိလေသည် ။ အဲဒီမှာဘဲ အသည်းပုံဖြင့် ချစ်သူနှစ်ဦးရဲ့ အမည်ပါသော သော့ဂလောက်များစွာကို ချိတ်ဆွဲထားကြလေသည် ။