Wednesday, August 18, 2010

Traveling around Japan : Day (3) August 6, 2010 @ Nara



ဂျပန်ပြည်တွင်း ခရီးသွားခြင်း ။

ခရီးစဉ် တတိယနေ့ ~ သြဂုတ်လ (၆) ရက် ၂၀၁၀ ခုနှစ် @ နာရာ

Day (3) : Nara

တတိယနေ့မှာတော့ Nara ကို ချီတက်ပြီ ။ ကျွန်တော်တို့ကျောင်းက Professor က မှာလိုက်တဲ့စကားကို သတိရမိတယ် ။ ဂျပန်ရောက်မှတော့ Nara မြို့ဆိုတာ ရောက်အောင်သွားသင့်တဲ့မြို့တဲ့ဗျာ ..

ကျိုတိုကနေ သွားရတာမို့ ရထား (၁) နာရီလောက်စီးရတယ် ။ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ လောက်ကတည်းက စတင် တည်ထောင်ခဲ့တဲ့မြို့ဖြစ်တယ် ။ တစ်လောကပဲ ၁၃၀၀ ပြည့် ပွဲတော်တွေကျင့်ပသွားတယ်လို့သိရတယ် ။ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းထားသောမြို့တစ်မြို့ ဖြစ်ပြီး UNESCO World Heritage Site တစ်ခုအဖြစ် သတ်မှတ်ထားတာလည်းဖြစ်တယ်။ ဒါကြောင့် လာလိုက်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ ။

နာရာ ဘူတာမှ ဆင်းတာနဲ့ အရင်ဆုံးသွားခဲ့တာကတော့ TODAI-JI Temple ပါ ။ TODAI-JI ကျောင်းတော်ကြီးဟာ သမိုင်းအဆိုများအရ ကမ္ဘာမှာ သစ်သားဖြင့်ပြုလုပ်ထားတဲ့ အကြီးဆုံး အဆောက်အဦးလို့ သိရပါတယ် ။ ဒါအပြင့် အဆောက်အဦးအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း အကြီးဆုံး ကြေးသွန်း ဆင်းထုတော်ဖြစ်တယ်လို့ဆိုကြပါတယ် ။

ကျောင်းတော်ကြီး၏ အ၀င် မိန်းဂိတ်

ကျက်သရေရှိလှသော ကျောင်းတော်ကြီး

ကျောင်းတော် အတွင်းမှ ဗုဒ္ဓ ဆင်းထုတော်

ဂျပန်လူများများလည်း အယူ ရှိကြ၏ ။ ကျောင်းတော်အတွင်းမှ လူ့တစ်ဖက် မကလှသော သစ်သားတိုင်လုံးကြီးတစ်ခုတွင် အောက်တွင်မြင်တွေ့ရတဲ့အတိုင်း လူတစ်ကိုယ်မဆံတဆံ အပေါက်တစ်ပေါက်ရှိသည် ။ ယင်းအပေါက်ကို လျှိုဝင်သွားနိုင်ခဲ့လျှင် ကျန်းမားရေးကောင်းပြီး ဘာကောင်းသည်၊ ညာကောင်းသည် စသဖြင့် အယူရှိကြလေသည် ။ ကလေး/လူကြီးဝင်လိုက်ကြတာ ။ ကျွန်တော်လည်းကြိုးစားခဲ့တယ် ။ ပခုံမှာ စပြီးတစ်တော့တာဘဲ ။ မအောင်မြင်ခဲ့ဘူး ။ ဖြည်းဖြည်းခြင်း ၀င်မယ်ဆိုရင်တော့ ရနိုင်လောက်တယ်လို့ထင်တယ်။


အတူလာသော သူငယ်ချင်း အောင်မြင်စွာ ၀င်/ထွက် နိုင်ခဲ့သည် ။

တစ်ချို့လည်း တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရသည် ။

နောက်တစ်ခုထူးခြားတာကတော့ သွားလေရာမှာ သမင်တွေချည်းဘဲ ။ လှလိုက်တဲ့ သမင်လေးတွေ ။ ဒါကြောင့် မြို့ရဲ့ အထိမ်းအမှတ် တံဆိပ်တောင်မှ ဂျို ပါသွားတယ် ။



ကျွန်တော်နှင့်သူငယ်ချင်းများ

Traveling around Japan : Day (2) August 5, 2010 @ Osaka


ဂျပန်ပြည်တွင်း ခရီးသွားခြင်း ။

ခရီးစဉ် ဒုတိယနေ့~ သြဂုတ်လ (၅) ရက် ၂၀၁၀ ခုနှစ် @ အိုဆာကာ

Day (2) : Osaka

ဒုတိယနေ့မှာတော့ နေ့လည် (၁၂) နာရီလောက်မှ တည်းတဲ့ သူငယ်ချင်းမိတ်ဆွေ အိမ်မှ စထွက်တော့ နေ့တစ်ပိုင်းလောက်ဘဲ
အချိန်ရှိတယ် ။ ဒါကြောင့် Universal Studio Japan နဲ့ Namba နားတစ်ဝိုက်က Kuromon Ichiba Market ကိုဘဲ လှည့်ပတ်ငေးကြည့်ပြီးတော့ ပြန်ခဲ့တယ် ။


Traveling around Japan : Day (1) August 4, 2010 @ Kyoto


ဂျပန်ပြည်တွင်း ခရီးသွားခြင်း ။

ခရီးစဉ် ပထမနေ့ ~ သြဂုတ်လ (၄) ရက် ၂၀၁၀ ခုနှစ် @ ကျိုတို

Day (1) : Kyoto

ခရီစဉ်ရဲ့ ပထမဆုံး စတင်လည်ပတ်တဲ့မြို့ပါ ။ ဟိုအရင်တချိန် ဂျပန်ဘုရင်များလက်ထပ်က ဂျပန်ရဲ့ မြို့တော်လို့သိရပါတယ်။ တကယ်သာယာတဲ့မြို့လေးဖြစ်ပြီး နိုင်ငံခြားသားအများဆုံးတွေ့ ခဲ့ရတဲ့မြို့ တစ်မြို့ဖြစ်ပါသည်။


ကျိုတိုရောက်သည်နှင့် အရင်ဆုံးသွားရောက်ခဲ့တာကတော့ Rokuon-Ji Temple (The golden pavilion) ရွှေကျောင်းတော်ကြီးပါ ။ လိုက်ပို့ပေးသော သူငယ်ချင်း မိတ်ဆွေ၏ အိမ်နဲ့လည်း တော်တော်လေးနီးတဲ့နေရာမှာရှိပါတယ် ။

ကျွန်တော်ရိုက်ခဲ့သော ရွှေကျောင်းတော်ကြီး ၏ ဓါတ်ပုံများ ...





ရွေကျောင်းတော်ကြီးပြီးတဲ့အခါ သွားရောက်ခဲ့တဲ့ ဒုတိယနေရကတော့ နီဂျို ရဲတိုက်ကြီး (NIJO Castle) ပါ။ ၀မ်းနည်းစွာဘဲ ရဲတိုက်ကို စ၀င်တာနဲ့ ဓါတ်ပုံ/ဗီဒီယို ရိုက်ခွင် မပေးပါဘူး။ ရဲတိုက်ထဲမှာတော့ အနုပညာလက်ရာမြှောက် ယဉ်ကျေးမှု့ အမွေအနှစ်များစွာတွေ့ခဲ့ရတယ်။ ဟိုတစ်ချိန် ၀န်ကြီးများ ၊ ရုီုးဂန်း (Shogun) များ ဘယ်လိုအဆောင်အယောင်တွေ ရှိခဲ့တာ၊ ဘယ်လို့နေထိုင်ခဲ့ကြတယ် .. စသဖြင့် အများကြီးပါဘဲ။ သူတို့ရဲ့ အသုံးအဆောင်တွေလည်း ပြထားတာ အများကြီးဘဲ ။ ဒါ့ကြောင့်ဓါတ်ပုံကို အပြင်ကဘဲရိုက်ခဲ့ရတယ် ။



နီဂျိုရဲတိုက်ကြီးပြီးတော့ ကျွန်တော် ရောက်ခဲ့တာက Heian Jingu Shrine ပါ ။ တော်တော် အစဉ်အလာရှိတဲ့နေရာတစ်ခုပါ ။ ၁၈၉ ၅ ခုနှစ် ကတည်းက တည်ဆောက်ခဲ့သည်လို့ သမိုင်းများအရ သိရှိရတယ်။ အသေးစိတ်ကို စိတ်ဝင်စားရင်တော့ http://www.heianjingu.or.jp/ မှာ ၀င်ကြည့်လို့ရတယ်။

ကျွန်တော် လက်ဆော့ထားသော Heian Jingu Shrine ဓါတ်ပုံများကတော့ ..

အဲဒီနောက် ကျွန်တော်သွားခဲ့တဲ့ နောက်တစ်နေရာကတော့ ကီယိုမိဇူ (KIYOMIZU Temple) ကျောင်းတော်ကြီးပါ။ ကျိုတိုရဲ့ အထင်ကရ သမိုင်းဝင်နေရာကြီးတစ်ခုပါ။ တောင်ပေါ်မှာတည်ရှီပြီး တော်တော် စည်ကားတယ်၊ ပြီတော့ တော်တော်လေးလည်း လှတယ် ။ ဒါ့အပြင့် အဆောက်အအုံ ဆောက်ထားတာလည်း အံ့မခန်းပါဘဲ။ လမ်းတစ်လျှောက်မှာလည်း လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်ခန်းတွေချည်းဘဲ။

ကျွန်တော့်အတွက်တော့ ဒီနေရာကိုတော့ အကြိုက်ဆုံးဘဲ ... ကျွန်တော့်ရဲ့ ရမ်းသမ်းရိုက်ချက်များကတော့...

တောင်ခြေကကျောင်းတော်

တော်ပေါ်က ကျောင်းတော်ကြီး


အလူခံနေသော ဂျပန်မယ်သီလရှင်

ခရီးသွားများ

ကျိုတိုရဲ့ ၀ါးတောကြီးကတော့ ပထမဆုံးနေ့ရဲ့ နောက်ဆုံး သွားခဲ့တဲ့နေရာဖြစ်တယ်။ သူတို့တိုင်းပြည်မှာတော့ ၀ါတော တောင် စနစ်တကျထိန်းသိမ်းထားတော့ လာလိုက်ကြတဲ့ ဧည့်သည်တွေ... ၀ါတောကြီးက တကယ်လည်းလှလိုက်တာဗျာ.. လွန်ရောဘဲ ...


အကယ်၍များ လမ်းလျှောက်ကြည့်ရှု့ခံစားတာ ညောင်းများညောင်းရင်... ဤသို့သော ၀န်ဆောင်မှု့များလည်းရှိသဗျာ .. နိပ်တယ်ဟေ့.. ဘာလဲဆိုတော့ လန်ချား (Japanese Traditional Transporter).