ဂျပန်ပြည်တွင်း ခရီးသွားခြင်း ။
ခရီးစဉ် တတိယနေ့ ~ သြဂုတ်လ (၆) ရက် ၂၀၁၀ ခုနှစ် @ နာရာ
Day (3) : Nara
တတိယနေ့မှာတော့ Nara ကို ချီတက်ပြီ ။ ကျွန်တော်တို့ကျောင်းက Professor က မှာလိုက်တဲ့စကားကို သတိရမိတယ် ။ ဂျပန်ရောက်မှတော့ Nara မြို့ဆိုတာ ရောက်အောင်သွားသင့်တဲ့မြို့တဲ့ဗျာ ..
ကျိုတိုကနေ သွားရတာမို့ ရထား (၁) နာရီလောက်စီးရတယ် ။ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ လောက်ကတည်းက စတင် တည်ထောင်ခဲ့တဲ့မြို့ဖြစ်တယ် ။ တစ်လောကပဲ ၁၃၀၀ ပြည့် ပွဲတော်တွေကျင့်ပသွားတယ်လို့သိရတယ် ။ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းထားသောမြို့တစ်မြို့ ဖြစ်ပြီး UNESCO World Heritage Site တစ်ခုအဖြစ် သတ်မှတ်ထားတာလည်းဖြစ်တယ်။ ဒါကြောင့် လာလိုက်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ ။
နာရာ ဘူတာမှ ဆင်းတာနဲ့ အရင်ဆုံးသွားခဲ့တာကတော့ TODAI-JI Temple ပါ ။ TODAI-JI ကျောင်းတော်ကြီးဟာ သမိုင်းအဆိုများအရ ကမ္ဘာမှာ သစ်သားဖြင့်ပြုလုပ်ထားတဲ့ အကြီးဆုံး အဆောက်အဦးလို့ သိရပါတယ် ။ ဒါအပြင့် အဆောက်အဦးအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း အကြီးဆုံး ကြေးသွန်း ဆင်းထုတော်ဖြစ်တယ်လို့ဆိုကြပါတယ် ။
ကျောင်းတော်ကြီး၏ အ၀င် မိန်းဂိတ်
ကျက်သရေရှိလှသော ကျောင်းတော်ကြီး
ကျောင်းတော် အတွင်းမှ ဗုဒ္ဓ ဆင်းထုတော်
ဂျပန်လူများများလည်း အယူ ရှိကြ၏ ။ ကျောင်းတော်အတွင်းမှ လူ့တစ်ဖက် မကလှသော သစ်သားတိုင်လုံးကြီးတစ်ခုတွင် အောက်တွင်မြင်တွေ့ရတဲ့အတိုင်း လူတစ်ကိုယ်မဆံတဆံ အပေါက်တစ်ပေါက်ရှိသည် ။ ယင်းအပေါက်ကို လျှိုဝင်သွားနိုင်ခဲ့လျှင် ကျန်းမားရေးကောင်းပြီး ဘာကောင်းသည်၊ ညာကောင်းသည် စသဖြင့် အယူရှိကြလေသည် ။ ကလေး/လူကြီးဝင်လိုက်ကြတာ ။ ကျွန်တော်လည်းကြိုးစားခဲ့တယ် ။ ပခုံမှာ စပြီးတစ်တော့တာဘဲ ။ မအောင်မြင်ခဲ့ဘူး ။ ဖြည်းဖြည်းခြင်း ၀င်မယ်ဆိုရင်တော့ ရနိုင်လောက်တယ်လို့ထင်တယ်။
အတူလာသော သူငယ်ချင်း အောင်မြင်စွာ ၀င်/ထွက် နိုင်ခဲ့သည် ။
တစ်ချို့လည်း တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရသည် ။
နောက်တစ်ခုထူးခြားတာကတော့ သွားလေရာမှာ သမင်တွေချည်းဘဲ ။ လှလိုက်တဲ့ သမင်လေးတွေ ။ ဒါကြောင့် မြို့ရဲ့ အထိမ်းအမှတ် တံဆိပ်တောင်မှ ဂျို ပါသွားတယ် ။
ကျွန်တော်နှင့်သူငယ်ချင်းများ
Wowwwwwwwwwwww,,,,
ReplyDeleteWelcome to the new blogger.
Very interesting and nice pictures.
Ray