ဂျပန်ပြည်တွင်း ခရီးသွားခြင်း ။
ခရီးစဉ် စတုတ္ထနေ့ ၊ ပဉ္စမနေ့ ~ သြဂုတ်လ (၇ ၊ ၈) ရက် ၂၀၁၀ ခုနှစ် @ ဟီရိုရှိးမား
Day (4 & 5) : Hiroshima
ဟီရုီုရှိးမားလို့ပြောလိုက်တာနဲ့ သမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ဆိုတာ အားလုံးအသိပါ ။ လိုက်ပို့ပေးမည့် သူငယ်ချင်းများ စီစဉ်ထားတဲ့အတိုင်း ပထမဆုံးသွားခဲ့တာက မီယာဂျီးမား (Miyajima Island) ပါ ။ Ferry သင်္ဘောနဲ့သွားရပြီး အတော်သာယာတဲ့ နေရာတစ်ခုဖြစ်တယ် ။ ကျွန်းပေါ်ရောက်တာနဲ့ အရင်ဆုံးသွားခဲ့တာက Itsukushima Shrine ကိုရောက်ခဲ့တယ် ။ ပြီးတော့ အနီးနားတစ်ဝိုက်က နေရာတွေကိုလည်း လျှောက်ပတ် ကြည့်ဖြစ်ခဲ့တယ် ။
မီယာဂျီးမား (Miyajima Island) ပြီးတာနဲ့ မဖြစ်မနေ ရောက်ကို ရောက်အောင်သွားခဲ့ရတဲ့နေရာကတော့ ဟီရိုရှိးမားအဏုမြူဗုံးပြတိုက်
Hiroshima Bomb Museum
၊ဗုံးစင်တာ (
Hiroshima Atomic Bomb Dome)
နဲ့ ငြိမ်းချမ်းရေးဗိမ္မာန် (Peace Memorial Park) တွေကို ရောက်ခဲ့တယ် ။ ပြတိုက်ထဲကို လည့်ပတ်ကြည့်တော့ တကယ့်ကို ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှတယ် ။ အချိန်ကုန်မှန်းမသိ လည့်ပတ်ကြည့်ရင်းကုန်သွားတယ် ။
Atomic Bomb Dome
Peace Memorial Park
ဟီးရိုရှိးမား ဗုံးကြဲခံရတာက ၁၉ ၄၅ ခုနှစ် ၊ သြဂုတ်လ (၆) ရက် ၊ နံနက် ၈ နာရီ ၁၅ မိနစ်
ဗုံးမထိခင် ၁မိနစ်အလိုက နာရီဟောင်းတစ်လုံး
ဟီရိုရှိးမာ အဏုမြူဗုံး အကြောင်း နိုင်ငံတကာ သမိုင်းစာအုပ်များတွင် သင်ခန်းစာအဖြစ်ပြဌာန်း
(မြန်မာနိုင်ငံ၏ ၈ တန်း သမိုင်းတွင် ယင်းအကြောင်းပါရှိ)
ဟီရုီုရှိးမားခရီးစဉ်ရဲ့ ဒုတိယနေ့မှာတော့ Yamato Museum (Kure Maritime Museum) ပါဘဲ ။ အဲဒီရောက်တော့မှ ဂျပန်တွေ Maritime နည်းပညာ မှာ တော်တော်စောတယ် ၊ အရမ်းကို အဆင့်မြင့်တယ်ဆိုတာ ကျွန်တော်လို နလဘိန်းတုန်းတောင် အလွယ်တကူ ခန့်မှန်းနိုင်တယ် ။ ရေငုတ်သင်္ဘော နှင့် စစ်ဘက်ဆိုင်ရာလေယဉ်တင်သင်္ဘော တွေရဲ့ တည်ဆောက်ပုံတွေ ၊ သမိုင်းကြောင်းတွေကို ပြထာတယ် ။ သွားခဲ့သမျှ နေရာတွေထဲမှာ အဏုမြူဗုံးပြတိုက်နဲ့ အခု ဒီ ရေကြောင်းပညာ ပြတိုက်ကို အကြိုက်ဆုံးဘဲ ။
No comments:
Post a Comment