ဤဘလော့သည် ကျွန်တော် မိခင်တိုင်းပြည်မှ ခဏတာ ခွဲခွာနေချိန်တွင် ကျွန်တော်၏ မိတ်ဆွေများ ၊ သူငယ်ချင်းများ ၊ မိသားစုဝင် ဆွေးမျိုးများ နှင့် ကျွန်တော်ချစ်သောသူအတွက် ရည်ရွယ်ပြီး လွှတ်တင်ထားခြင်းဖြစ်သည် ။ ကျွန်တော့ရဲ့ Personal Blog သက်သက်သာဖြစ်သည် ။ ကျွန်တော်သည်လည်း စာရေးကောင်းသူတစ်ယောက်မဟုတ်သလို Professional Blogger လည်းမဟုတ်ပါ ။ ၀င်ရောက်ကြည့်ရှု့သူ သူငယ်ချင်းမိတ်ဆွေများအားလုံးကို ကျေးဇူးတင်လျှက် ...............
Friday, September 03, 2010
Saturday, August 21, 2010
Traveling around Japan @ ဂျပန်ပြည်အတွင်း ခရီးသွားခြင်း ..
ကျွန်တော်သည် ဂျပန်နိုင်ငံ Niigata Prefecture ၊Minami Uonuma-shi က Urasa ဆိုတဲ့ ဒေသလေးမှာ ရှိတဲ့ IUJ (International University of Japan) ဆိုတဲ့ ကျောင်းတော်ကြီးမှာ ၂ နှစ်တာ နေထိုင်ပြီး စီမံအုပ်ချူပ်မှုပညာမဟာဘွဲ့ အတွက် ပညာသင်ယူနေသူ မြန်မာနိုင်ငံဖွား ဗမာလူမျိုး စစ်စစ်တစ်ယောက်ပါ ။ကျောင်းတော်ကြီးတည်ရှိရာ Urasa ဒေသလေးသည် တောတောင်တွေ ပတ်ပတ်လည်ဝိုင်းရံထားပြီး စပါးခင်းတွေး ၊ သီနှံစိုက်ခင်းတွေ နဲ့ အမြဲစိမ်းလန်းသာယာတဲ့ ဒေသလေးတစ်ခုပါ ။ နဲနဲတော့ တောကျတယ်လို့ပြောနိုင်ပါတယ် ။ ဒါကြောင့် တစ်ချို့က အပြောင်အပြက် ပြောကြပါတယ် International University of Jungle ဒါမှမဟုတ် I & U in Jail တဲ့ ။ တကယ်လည်း ကျေးလက်ဒေသလေးတစ်ခုပါ ။ ဒါပေမဲ့ နိုင်ငံပေါင်း ၃၀ ကြော်က နိုင်ငံတကားကျောင်းသားတွေ ပညာသင်ယူနေတဲ့ အဆင့်မှီ တကယ့်ကျောင်းတော်ကြီးပါ ။
ကျွန်တော် ဒီရောက်တာ အခုဆိုရင် တစ်နှစ်တာ မကတော့ပါဘူး ။ အခုလည်း နွေရာသီ ကျောင်းပိတ်တုန်း မိမိ တက်နိုင်သမျှလောက် ဂျပန်ရောက်တုန်း ခရီးထွက်သင့်တယ် ၊ ဘာမှမလုပ်ဘဲ ဒိကျောင်းပိတ်ရက် ၃ လ မှာ ကျောင်းထဲမှာတင် နေလို့တော့ မဖြင့်သင့်ဟုတွေးမိကာ ဂျပန်ပြည်တွင်း ခရီးထွက်ဖြစ်ခဲ့တယ် ။ ၂၀၁၀ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ည မှာ ကျွန်တော်နေတဲ့ ကျောင်းက စထွက်ပြီ ၂၀၁၀ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ ညပိုင်းမှာ ပြန်ရောက်ခဲ့ပါတယ်။ ၁၀ ရက်တိတိကြာခဲ့တဲ့ခရီးပါ ။
ကျွန်တော့ရဲ့ ခရီးစဉ်ကို နေ့ အလိုက် အောက်တွင်ပြထားသော Links များတွင် ၀င်ကြည့်နိုင်ပါသည် ။
အလေးအနက်ပြောလိုသည်မှာ ...
ကျွန်တော်၏ ဂျပန်ပြည်တွင်း ခရီးစဉ်တွင် ခရီးစဉ်တစ်လျှောက် အစစအရာရာ ကူညီပေးသော ခရီးသွားဖော် သူငယ်ချင်းများ ၊ ရောက်လေရာ နေရာဒေသ အသီးသီးမှ ကြိုဆို ပြီး အရသာရှိလှသော ဟင်းလျှာများဖြင့် ချက်ပြုတ်ကျွေးမွေး ဧည့်ခံသော သူငယ်ချင်းများ ၊ ကျွန်တော် သွားလိုသော နေရာ အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးသော သူငယ်ချင်းများ အားလုံးကိုအထူး ကျေးဇူးတင်ပါကြောင်း ဤနေရာမှ ပြောဆိုလိုပါတယ် ။
ကျေးဇူးတင်စွာဖြင့်Urasa Lion (21th August 2010 , 1:19 a.m)
Traveling around Japan , Day (1) @ Kyoto
Traveling around Japan, Day (2) @ Osaka
Traveling around Japan, Day (3) @ Nara
Traveling around Japan, Day (4 , 5) @ Hiroshima
Traveling around Japan, Day (6 , 7) @ Fukuoka
Traveling around Japan, Day (8) @ Kobe
ပန်ကြားချက် ။
ကျွန်တော်သည် စာရေးကောင်းသူ တစ်ယောက်မဟုတ်သလို Blogger တစ်ယောက်လည်းမဟုတ်ပါ။ မြန်မာစာ စာလုံးပေါင်းသတ်ပုံလည်းမကျွမ်းကျင်ပါ ။ ကျွန်တော်နှင့် ကျွန်တော်ရဲ့ ရင်းနှီးသော သူငယ်ချင်းများ ၊ ကျွန်တော့် မိသားစုဝင် များ နှင့် ကျွန်တော်ချစ်ရသောသူ ဖတ်ရန်အတွက် မလုပ်တက် လုပ်တက်ကြိုးစားထားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် စားလုံးပေါင်းသတ်ပုံးအားဖြင့်သော်လည်းကောင်း ၊ ၀ါကျအားဖြင့်သော်လည်းကောင်း အမှားများစွာရှိခဲ့လျှင်လည်း သည်းခံ ပေးနိုင်လိမ့်မည်ဟုတ်ထင်ပါသည် ။
ကျွန်တော် ဒီရောက်တာ အခုဆိုရင် တစ်နှစ်တာ မကတော့ပါဘူး ။ အခုလည်း နွေရာသီ ကျောင်းပိတ်တုန်း မိမိ တက်နိုင်သမျှလောက် ဂျပန်ရောက်တုန်း ခရီးထွက်သင့်တယ် ၊ ဘာမှမလုပ်ဘဲ ဒိကျောင်းပိတ်ရက် ၃ လ မှာ ကျောင်းထဲမှာတင် နေလို့တော့ မဖြင့်သင့်ဟုတွေးမိကာ ဂျပန်ပြည်တွင်း ခရီးထွက်ဖြစ်ခဲ့တယ် ။ ၂၀၁၀ ခုနှစ် သြဂုတ်လ (၃) ရက်နေ့ည မှာ ကျွန်တော်နေတဲ့ ကျောင်းက စထွက်ပြီ ၂၀၁၀ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့ ညပိုင်းမှာ ပြန်ရောက်ခဲ့ပါတယ်။ ၁၀ ရက်တိတိကြာခဲ့တဲ့ခရီးပါ ။
ကျွန်တော့ရဲ့ ခရီးစဉ်ကို နေ့ အလိုက် အောက်တွင်ပြထားသော Links များတွင် ၀င်ကြည့်နိုင်ပါသည် ။
အလေးအနက်ပြောလိုသည်မှာ ...
ကျွန်တော်၏ ဂျပန်ပြည်တွင်း ခရီးစဉ်တွင် ခရီးစဉ်တစ်လျှောက် အစစအရာရာ ကူညီပေးသော ခရီးသွားဖော် သူငယ်ချင်းများ ၊ ရောက်လေရာ နေရာဒေသ အသီးသီးမှ ကြိုဆို ပြီး အရသာရှိလှသော ဟင်းလျှာများဖြင့် ချက်ပြုတ်ကျွေးမွေး ဧည့်ခံသော သူငယ်ချင်းများ ၊ ကျွန်တော် သွားလိုသော နေရာ အသီးသီးသို့ လိုက်လံ ပို့ဆောင်ပေးသော သူငယ်ချင်းများ အားလုံးကိုအထူး ကျေးဇူးတင်ပါကြောင်း ဤနေရာမှ ပြောဆိုလိုပါတယ် ။
ကျေးဇူးတင်စွာဖြင့်Urasa Lion (21th August 2010 , 1:19 a.m)
Traveling around Japan , Day (1) @ Kyoto
Traveling around Japan, Day (2) @ Osaka
Traveling around Japan, Day (3) @ Nara
Traveling around Japan, Day (4 , 5) @ Hiroshima
Traveling around Japan, Day (6 , 7) @ Fukuoka
Traveling around Japan, Day (8) @ Kobe
ပန်ကြားချက် ။
ကျွန်တော်သည် စာရေးကောင်းသူ တစ်ယောက်မဟုတ်သလို Blogger တစ်ယောက်လည်းမဟုတ်ပါ။ မြန်မာစာ စာလုံးပေါင်းသတ်ပုံလည်းမကျွမ်းကျင်ပါ ။ ကျွန်တော်နှင့် ကျွန်တော်ရဲ့ ရင်းနှီးသော သူငယ်ချင်းများ ၊ ကျွန်တော့် မိသားစုဝင် များ နှင့် ကျွန်တော်ချစ်ရသောသူ ဖတ်ရန်အတွက် မလုပ်တက် လုပ်တက်ကြိုးစားထားခြင်းသာဖြစ်ပါသည်။ ထို့ကြောင့် စားလုံးပေါင်းသတ်ပုံးအားဖြင့်သော်လည်းကောင်း ၊ ၀ါကျအားဖြင့်သော်လည်းကောင်း အမှားများစွာရှိခဲ့လျှင်လည်း သည်းခံ ပေးနိုင်လိမ့်မည်ဟုတ်ထင်ပါသည် ။
Friday, August 20, 2010
Traveling around Japan : Day (8) August 11, 2010 @ Kobe
ခရီစဉ် အဌမ နေ့~ သြဂုတ်လ (၁၁) ရက် ၂၀၁၀ ခုနှစ် @ ကိုဘေး
ခရီးစဉ်ရဲ့ ၈ ရက်မြောက်နေ့မှာတော ကျိုတိုကို ပြန်တက်လာခဲ့ပါတယ် ။ မနက်ပိုင်း သူငယ်ချင်းမိတ်ဆွေ အိမ်မှာ ရေမိုးချိုး နားပြီနောက် ကိုဘေး ကို ချီတက်ခဲ့ပါတယ် ။ ကိုဘေးမှာတော့ Kobe Port ၊ Sannomiya Shopping Center နှင့် China Town လောက်ပဲရောက်ခဲ့တယ် ။ Kobe Port ရဲ့ ညရှု့ခင်းကတော့ တော်တော်လေး လှတယ်။
ကိုဘေးကနေ ခရီးစဉ်ရဲ့ နောက်ဆုံး နေရာဖြစ်တဲ့ Tokyo Region ကို ချီတက်ရန် ည ၁၁ နာရီကားစီးရမှာဖြစ်လို့ ကျိုတို ဘူတာရုံသို့ အချိန်မှီပြန်လာခဲ့ပါသည် ။ အဲဒီနောက် ကားစီးပြီး မနက်လင်းသော် ယိုကိုဟားမားသို့ ရောက်ပြီး ၂ ရက်ခန့်နေပြီး ကျွန်တော်ရဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါသည် ။ ယိုကိုဟားမား ၊ တိုကျိုတွင် ဓါတ်ပုံ မရိုက်ဖြစ်ခဲ့ပါ ။
ကျွန်တော်သည် Urasa မှ ၃ ရက်နေ့ ညပိုင်းတွင် ခရီစဉ်စတင်ခဲ့ပြီး Urasa သို့ ၁၃ ရက်နေ့ ညပိုင်းတွင်ပြန်လည်ရောက်ရှိသည်။ ၁၀ ရက်တိတိကြာသော ခရီစဉ်ဖြစ်ပါသည် ။
ဤတွင် ခရီစဉ်အကြောင်းဖော်ပြခြင်းပြီ၏ ။
Thursday, August 19, 2010
Traveling around Japan : Day (6&7) August (9&10), 2010 @ Fukuoka
ဂျပန်ပြည်တွင်း ခရီးသွားခြင်း
ခရီးစဉ် ဆဌမ ၊ သတ္တမနေ့ ~ သြဂုတ်လ (၉ ၊၁၀) ရက် ၂၀၁၀ ခုနှစ် @ ဖူကိုအိုကာ
Day (6 & 7) : Fukuoka
ခရီးစဉ်ရဲ့ ၆ ၊ ၇ ရက်မြောက်နေ့တွေရောက် လူလည် နဲနဲတောပြိုင်းနေပါပြီ ။ ဖူကိုအိုကာ ရောက်တော့ အရင်ဆုံးသွားခဲ့တာက MoJIKO Retro Town (မိုဂျီကို) မြို့လေးပါ ။ ဆိပ်ကမ်းမြို့လေးပါ ။ ၁၈ ရာစုနှောင်းပိုင်းလောက်ကစတင်ပြီး နိုင်ငံတကာ ကုန်စည် စီးဆင်းမှု အတွက် စတင်တည်ဆောက်ခဲ့တယ် ဆိပ်ကမ်းလို့သိရပါတယ် ။ သမိုင်းများအရ နိုင်ငံခြား သင်္ဘော အစီး ၂၀၀ လောက်ထိတောင် ကမ်းကပ်နိုင်တယ်လို့ပြောကြပါတယ်။ ဒါကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်း စီးပွားရေး လုပ်ငန်း အဆောင်အဦးများကို တွေ့ခဲ့ရတယ် ။ ဂျပန်ရောက်ပြီး ဂျပန်မြို့တစ်မြို့နဲ့မတူတာ ဒီ မိုဂျီကို မြို့လေးပါဘဲ ။ အဆေက်အဦးတော်တော်များများ ဟာ Western ဆန်ပါတယ် ။ နှစ်ပေါင်း ၁၀၀ ကျော် ပေမယ် ယနေ့ အချိန်ထိ စနစ်တကျ ထိန်းသိမ်းထားတဲ့အတွက် မိုဂျီကို မြို့လေးဟာ Fukuoka လာတဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် စိတ်ဝင်စားစရာနေရာတစ်ခုအဖြစ် ရှိနေဆဲပါ ။ ရထားစီးပြီး အဲဒီကို သွားတော့ လမ်းတစ်လျှောက် တွေ့သမျှ ရထားဘူတာတွေဟာ ခေတ်မှိ ဘူတာတွေပါ ။ ဂိတ်ဆုံးလို့ Mojiko လည်းရောက်တော့ တွေ့လိုက်ရတဲ့ Mojiko Station က တကယ့် Antique ....
Mojiko Station (Built in 1914)
Old Moji Mitsui Club : Back view (Built in 1914)
(A place for the important guests. Einstein & his wife stayed here during their visit in 1922)
Kitakhushu Commemorative Library of International Friendship
နောက်ထပ် ၀မ်းသာစရာတစ်ခုက Mojiko မှာ မြန်မာပြည်က ကမ္ဘာအေး စေတီတော်အတိုင်း တည်ထားတဲ့ စေတီတော်ကြီး တည်ရှိနေခြင်းပါဘဲ ။ မြန်မာ ဘုန်းကြီးကျောင်းလည်းရှိပြီး ဘုန်းကြီး ၃ ပါး သီတင်းသုံး ပါတယ်။ တောင်ပေါ်လေးမှာ တည်ရှိပြီး တော်တော်လေး စိတ်ညိမ်အေးချမ်းသာယာလှပါပေတယ် ။
ဘုန်ကြီးကျောင်းက ပြီးတော့ Kanmon Pedestrian Tunnel ကို ဖြစ်လျှောက်ခဲ့တယ် ။ ကမ္ဘာမှာ တစ်ခုတည်းသော လူဖြတ်လျှောက်လို့ရသော ရေအောက် Tunnel လို့ပြောကြပါတယ်။ ၇၈၀ မီတာ ရှည်ပြီး တစ်ဘက်ကမ်းက ကျွန်းကို ရောက်ဖို့ ၂၀ မိနစ်လောက် လျှောက်ခဲ့ရတယ်။
ဖူကိုအိုကာရဲ့ ဒုတိယနေ့ ခရီးစဉ်မှာတော့ ဗုဒ္ဓလျှောင်းတော်မူဘုရာကြီး ရှိရာ xxxxx ကိုသွားခဲ့တယ် ။
အဲဒီနောက် Fukuoka Tower ဘက်ကို ချီတက်ခဲ့တယ် ။ ၂၃၄ မီတာ အမြင့်ရှိပြီး ဂျပန်မှာ အမြင့်ဆုံး ပင်လည်ကမ်းချေ တာဝါ လို့ပြောကြပါတယ် ။ ၀င်ကြေး ၈၀၀ ယမ်း တောင် ပေးရတယ်။ တာဝါပေါက မြင်တွေ့ရတဲ့ ကမ်းချေနဲ့ မြို့ပြ မြင်ကွင်းဟာလည်း လှပပါတယ်။
ဖူကိုအိုကာ က လူငယ်စုံတွဲလေးတွေရဲ့ culture လေးတစ်ခုတွေ့ခဲ့ရတယ် ။ တာဝါပေါ်မှာ ချစ်သူများ View ကြည့်ရန် corner လေးတစ်ခုရှိလေသည် ။ အဲဒီမှာဘဲ အသည်းပုံဖြင့် ချစ်သူနှစ်ဦးရဲ့ အမည်ပါသော သော့ဂလောက်များစွာကို ချိတ်ဆွဲထားကြလေသည် ။
Traveling around Japan : Day (4) & (5) August (7&8), 2010 @ Hiroshima
ဂျပန်ပြည်တွင်း ခရီးသွားခြင်း ။
ခရီးစဉ် စတုတ္ထနေ့ ၊ ပဉ္စမနေ့ ~ သြဂုတ်လ (၇ ၊ ၈) ရက် ၂၀၁၀ ခုနှစ် @ ဟီရိုရှိးမား
Day (4 & 5) : Hiroshima
ဟီရုီုရှိးမားလို့ပြောလိုက်တာနဲ့ သမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ဆိုတာ အားလုံးအသိပါ ။ လိုက်ပို့ပေးမည့် သူငယ်ချင်းများ စီစဉ်ထားတဲ့အတိုင်း ပထမဆုံးသွားခဲ့တာက မီယာဂျီးမား (Miyajima Island) ပါ ။ Ferry သင်္ဘောနဲ့သွားရပြီး အတော်သာယာတဲ့ နေရာတစ်ခုဖြစ်တယ် ။ ကျွန်းပေါ်ရောက်တာနဲ့ အရင်ဆုံးသွားခဲ့တာက Itsukushima Shrine ကိုရောက်ခဲ့တယ် ။ ပြီးတော့ အနီးနားတစ်ဝိုက်က နေရာတွေကိုလည်း လျှောက်ပတ် ကြည့်ဖြစ်ခဲ့တယ် ။
မီယာဂျီးမား (Miyajima Island) ပြီးတာနဲ့ မဖြစ်မနေ ရောက်ကို ရောက်အောင်သွားခဲ့ရတဲ့နေရာကတော့ ဟီရိုရှိးမားအဏုမြူဗုံးပြတိုက်
Hiroshima Bomb Museum
၊ဗုံးစင်တာ (
Hiroshima Atomic Bomb Dome)
နဲ့ ငြိမ်းချမ်းရေးဗိမ္မာန် (Peace Memorial Park) တွေကို ရောက်ခဲ့တယ် ။ ပြတိုက်ထဲကို လည့်ပတ်ကြည့်တော့ တကယ့်ကို ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှတယ် ။ အချိန်ကုန်မှန်းမသိ လည့်ပတ်ကြည့်ရင်းကုန်သွားတယ် ။
Atomic Bomb Dome
Peace Memorial Park
ဟီးရိုရှိးမား ဗုံးကြဲခံရတာက ၁၉ ၄၅ ခုနှစ် ၊ သြဂုတ်လ (၆) ရက် ၊ နံနက် ၈ နာရီ ၁၅ မိနစ်
ဗုံးမထိခင် ၁မိနစ်အလိုက နာရီဟောင်းတစ်လုံး
ဟီရိုရှိးမာ အဏုမြူဗုံး အကြောင်း နိုင်ငံတကာ သမိုင်းစာအုပ်များတွင် သင်ခန်းစာအဖြစ်ပြဌာန်း
(မြန်မာနိုင်ငံ၏ ၈ တန်း သမိုင်းတွင် ယင်းအကြောင်းပါရှိ)
ဟီရုီုရှိးမားခရီးစဉ်ရဲ့ ဒုတိယနေ့မှာတော့ Yamato Museum (Kure Maritime Museum) ပါဘဲ ။ အဲဒီရောက်တော့မှ ဂျပန်တွေ Maritime နည်းပညာ မှာ တော်တော်စောတယ် ၊ အရမ်းကို အဆင့်မြင့်တယ်ဆိုတာ ကျွန်တော်လို နလဘိန်းတုန်းတောင် အလွယ်တကူ ခန့်မှန်းနိုင်တယ် ။ ရေငုတ်သင်္ဘော နှင့် စစ်ဘက်ဆိုင်ရာလေယဉ်တင်သင်္ဘော တွေရဲ့ တည်ဆောက်ပုံတွေ ၊ သမိုင်းကြောင်းတွေကို ပြထာတယ် ။ သွားခဲ့သမျှ နေရာတွေထဲမှာ အဏုမြူဗုံးပြတိုက်နဲ့ အခု ဒီ ရေကြောင်းပညာ ပြတိုက်ကို အကြိုက်ဆုံးဘဲ ။
Wednesday, August 18, 2010
Traveling around Japan : Day (3) August 6, 2010 @ Nara
ဂျပန်ပြည်တွင်း ခရီးသွားခြင်း ။
ခရီးစဉ် တတိယနေ့ ~ သြဂုတ်လ (၆) ရက် ၂၀၁၀ ခုနှစ် @ နာရာ
Day (3) : Nara
တတိယနေ့မှာတော့ Nara ကို ချီတက်ပြီ ။ ကျွန်တော်တို့ကျောင်းက Professor က မှာလိုက်တဲ့စကားကို သတိရမိတယ် ။ ဂျပန်ရောက်မှတော့ Nara မြို့ဆိုတာ ရောက်အောင်သွားသင့်တဲ့မြို့တဲ့ဗျာ ..
ကျိုတိုကနေ သွားရတာမို့ ရထား (၁) နာရီလောက်စီးရတယ် ။ လွန်ခဲ့သော နှစ်ပေါင်း ၁၃၀၀ လောက်ကတည်းက စတင် တည်ထောင်ခဲ့တဲ့မြို့ဖြစ်တယ် ။ တစ်လောကပဲ ၁၃၀၀ ပြည့် ပွဲတော်တွေကျင့်ပသွားတယ်လို့သိရတယ် ။ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းထားသောမြို့တစ်မြို့ ဖြစ်ပြီး UNESCO World Heritage Site တစ်ခုအဖြစ် သတ်မှတ်ထားတာလည်းဖြစ်တယ်။ ဒါကြောင့် လာလိုက်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ ။
နာရာ ဘူတာမှ ဆင်းတာနဲ့ အရင်ဆုံးသွားခဲ့တာကတော့ TODAI-JI Temple ပါ ။ TODAI-JI ကျောင်းတော်ကြီးဟာ သမိုင်းအဆိုများအရ ကမ္ဘာမှာ သစ်သားဖြင့်ပြုလုပ်ထားတဲ့ အကြီးဆုံး အဆောက်အဦးလို့ သိရပါတယ် ။ ဒါအပြင့် အဆောက်အဦးအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း အကြီးဆုံး ကြေးသွန်း ဆင်းထုတော်ဖြစ်တယ်လို့ဆိုကြပါတယ် ။
ကျောင်းတော်ကြီး၏ အ၀င် မိန်းဂိတ်
ကျက်သရေရှိလှသော ကျောင်းတော်ကြီး
ကျောင်းတော် အတွင်းမှ ဗုဒ္ဓ ဆင်းထုတော်
ဂျပန်လူများများလည်း အယူ ရှိကြ၏ ။ ကျောင်းတော်အတွင်းမှ လူ့တစ်ဖက် မကလှသော သစ်သားတိုင်လုံးကြီးတစ်ခုတွင် အောက်တွင်မြင်တွေ့ရတဲ့အတိုင်း လူတစ်ကိုယ်မဆံတဆံ အပေါက်တစ်ပေါက်ရှိသည် ။ ယင်းအပေါက်ကို လျှိုဝင်သွားနိုင်ခဲ့လျှင် ကျန်းမားရေးကောင်းပြီး ဘာကောင်းသည်၊ ညာကောင်းသည် စသဖြင့် အယူရှိကြလေသည် ။ ကလေး/လူကြီးဝင်လိုက်ကြတာ ။ ကျွန်တော်လည်းကြိုးစားခဲ့တယ် ။ ပခုံမှာ စပြီးတစ်တော့တာဘဲ ။ မအောင်မြင်ခဲ့ဘူး ။ ဖြည်းဖြည်းခြင်း ၀င်မယ်ဆိုရင်တော့ ရနိုင်လောက်တယ်လို့ထင်တယ်။
အတူလာသော သူငယ်ချင်း အောင်မြင်စွာ ၀င်/ထွက် နိုင်ခဲ့သည် ။
တစ်ချို့လည်း တော်တော်လေး ခက်ခက်ခဲခဲ ကြိုးစားခဲ့ကြရသည် ။
နောက်တစ်ခုထူးခြားတာကတော့ သွားလေရာမှာ သမင်တွေချည်းဘဲ ။ လှလိုက်တဲ့ သမင်လေးတွေ ။ ဒါကြောင့် မြို့ရဲ့ အထိမ်းအမှတ် တံဆိပ်တောင်မှ ဂျို ပါသွားတယ် ။
ကျွန်တော်နှင့်သူငယ်ချင်းများ
Subscribe to:
Posts (Atom)